Home

About me

ChatRoom

Download Myanmar Font

Download Myanmar Font
Download and install myanmar font

ဓါတ်လုံး သမိုင်း

Thursday, December 24, 2009



ရှေးမြန်မာတွေမှာ အကျင့်တခုရှိတယ် … သူတို့ ဘာမှန်းမသိဘူး … ဘယ်လိုလုပ်ရမှန်းမသိတဲ့ အရာတွေဆိုရင် ရှေ့မှာ “ဓါတ်” ဆိုတာကြီးကို ထည့်ထည့်ပစ်တတ်ကြတယ် …

ဘာမှန်းမသိတဲ့ အပြားကြီးမို့ ဓါတ်ပြားတဲ့ … အဲဒီဓါတ်ပြားကို စက်ထဲထည့် .. အသံမြည်အောင်လုပ်လို့ရတဲ့စက်ကို ဓါတ်စက်တဲ့ … ဘယ်လိုမှန်းမသိပဲ အဲဒီအခန်းလေးထဲ ၀င်လိုက်ရင် အော်တိုမစ်တစ် နောက်တထပ်ကိုရောက်သွားတဲ့ လှေကားကျတော့ .. ဓါတ်လှေကားတဲ့ … ဒီအလုံးလေးကနေ မီးလင်းသဟ ဆိုပြီးတော့ ဓါတ်မီးတဲ့ … အဲဒီအလုံးလေး တပ်ထားတဲ့တိုင်ကျတော့ ဓါတ်တိုင်တဲ့ …

အများကြီးပဲ အများကြီးပဲ .. အဲလို.. မြန်မာစကားမှာ .. ဓါတ်ဆိုတဲ့ အသုံးနှုန်းတွေ … အကုန်လုံး ဘာမှန်းမသိရင် ဓါတ် ပစ်လိုက်ကြတာချည်းပဲ …

အဲဒီလိုပဲ .. ရှေးမြန်မာကြီးတွေက… အဂ္ဂိရတ်ပညာမှာလဲ …. ဘာအလုံးလေးမှန်းတော့ မသိဘူး … ဒါပေမယ့် ဒီအလုံးလေးက စွမ်းသဟ ဆိုပြီး ဓါတ်လုံးဆိုတာ ဖြစ်လာပါသတဲ့ …
ဓါတ်လုံးဆိုတဲ့ ထိုအလုံးကလေးဟာလည်း … အဂ္ဂိရတ်ဆရာတွေရဲ့ အလိုအရ … တော်တော်ကို စွမ်းသတဲ့ .. သူ့သမိုင်းကလဲ မသေးဘူး …

ရှေးတုံးက ပုဂံပြည်မှာ … မင်းဆရာ (ဒီခေတ် ဘဘတွေကိုးကွယ်နေတဲ့ ဘိုးတော်လိုမျိုးပေါ့) ရှင်မထီးဆိုတာ ရှိသတဲ့ … နေ့တိုင်း ဖိုထိုးနေတော့ သူ့အတွက်ချည်းပဲ မီးသွေးဖိုး လုံဖိုး တော်တော်ကုန်သတဲ့ … လူတွေကလဲ မင်းဆရာဆိုတော့ မပြောရဲကြဘူးပေါ့ … ဒီလိုနဲ့ ပုဂံပြည် ရှင်မထီးလက်ချက်နဲ့ ဒေ၀ါလီခံရကိန်း နီးလာသတဲ့ … လူတွေကလဲ ဆူလာကြတော့ .. ဘုရင်လဲ မတတ်သာတော့ပဲ လူတွေ ဒေါသပြေအောင် ရှင်မထီးရဲ့ မျက်လုံး၂ဖက်ကို ဖောက်လိုက်ရသတဲ့ …

အဲဒီတော့ ရှင်မထီးလဲ စိတ်နာနာနဲ့ … ဟွန့် သွားရော့ဆိုပြီး .. ဓါတ်လုံးကို ချီးတွင်းထဲ လွှင့်ပစ်လိုက်တယ်ဆိုရင်ပဲ … ဓါတ်အောင်သွားသတဲ့ … အဲဒီအခါမှာ သူ့ရဲ့ အတတ်ပညာနဲ့ ပေါက္ကံရာမ ပြည်တော်ကြီးအပေါ် ရွှေမိုးငွေမိုးကြီး ရွာချလိုက်တယ်တဲ့ … အဲဒီအချိန်ကစပြီး ပုဂံပြည်သူတွေ .. ကိုးကိုးတန် ညိုးညိုးညံ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းလို့ဆိုတဲ့ ဘုရားတွေ တည်နိုင်လောက်အောင် မုဆိုးမပါမကျန် ချမ်းသာသွားသတဲ့ …

ကဲ ဒါကတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ … အဂ္ဂိရတ်ပညာ alchemy နဲ့ ပက်သက်ပြီး .. သူပြောခဲ့တဲ့ ဒဏ္ဍာရီပေါ့ …

ဒဏ္ဍာရီဆိုလို့လဲ မဟုတ်ဖူးမထင်နေနဲ့ဦး … ဟုတ်တယ်လို့လဲကျနော်မပြောဘူးနော့ … ချင့်ပြီးတော့ ယုံကြပေါ့ … ရွှေတိဂံဘုရားထီးတော်မှတောင် … သံသေ ပြဒါးသေ ရုပ်ပွားတော်လေးတွေ ရှိသေးတာပဲ မဟုတ်လား … ဒါပေမယ့်လဲဆိုသလိုပေါ့လေ ချွင်းချက်လေးတွေတော့ ရှိသေးတာပေါ့ … ရှေးစကားအရ ပြဒါးသေ တပြည်ဝ … သံသေ တဆွေဝ လို့ ဆိုတယ်မဟုတ်လား … ဒီတော့ ဒို့တိုင်းပြည်ကြီးလဲ သံသေ ပြဒါးသေတွေ ရှိရက်နဲ့ … မပြောတော့ပါဘူးလေ … အဲဒီတော့ စောစောက ပြောတဲ့အတိုင်း ချင့်ယုံကြပေါ့ …

ကျနော့်အယူဆအရ ဆိုရင်လား …. ဓါတု ဓါတ်ပြုမှု သက်သက်ထက် ဘာမှ မပိုပါဘူး … ဓါတ်သဘောအရ စိန်နဲ့ မီးသွေးဟာ ကာဗွန်ဓါတ်ချင်း အတူတူပဲ … ကာဗွန်ကို မြေအောက်ထဲမှာ ဖိအားနဲ့ အပူချိန်ကြောင့် စိန်ဖြစ်လာတာလို့တောင် ဆိုကြသေးတယ်လေ …

ဒီလိုပါပဲ ..
ရှေးအဂ္ဂိရတ်ဆရာတွေ ကွမ်းတထွေးထွေး ချွေးတလုံးလုံးနဲ့ ဖားဖိုကြီး တရှူးရှူးနဲ့ ဂါထာ မန္တန်တွေ ဘာတွေရွတ်ပြီးထိုးကြတဲ့ ဘော် ဒန် သံ ရွှေ ဒီလေးထွေ ဆိုတာတွေကလဲ ဒါတွေပါပဲ .. ဓါတ်ပြုမယ့် ပစ္စည်းတွေပေါ့ … ဖားဖိုက အပူချိန်နဲ့ ဖိအားကြောင့် ဓါတ်တွေ ပြောင်းသွားတာပဲ … ဖားဖိုထဲမှာ ဖိုဆရာရဲ့ကွမ်းသွေးနဲ့ ဂျီးတွေတောင် ပါရင်ပါသွားဦးမယ် .. မပြောတတ်ဖူး ... ချဉ်တွင်းနဲ့ ချီးတွင်းမှားလို့တောင် ဓါတ်အောင်သေးတာပဲ မဟုတ်လား ...

မမြင်နိုင်တဲ့ စွမ်းအားတွေ ဘာတွေ ပြောမနေနဲ့ … မမြင်နိုင်တဲ့ စွမ်းအားဆိုလို့ .. ဖားဖိုကို ဆောင့်နင်းလိုက်တဲ့အချိန်မှာ လေလည်ထွက်သွားတဲ့အီးပဲ ရှိမယ် …

အမှန်တော့ ရှေးရှေးကလဲ ဓါတ်အောင်တယ် ဘာတယ်ဆိုတာ ရှိမှာပါ … ရှေးလူကြီးတွေ ရမ်းတီးရင်းနဲ့ ဓါတ်ပြုမယ့် ပစ္စည်းအချိုးကျ မှန်သွားလို့ ..ကိုယ်လိုချင်တဲ့ ရွှေငွေ ဖြစ်လာတယ် … အဲဒါကိုပဲ ရှေးလူကြီးတွေက ကိုယ်နားလည်သလို အချိုးဆတွေနဲ့ ရေးပေးခဲ့တယ် … နောက်လူတွေကလဲ ကိုယ်လိုသလို ဆွဲယူပြီးတွေးကြတယ် … ရွှေလေးငွေလေးကျွေးလိုက် .. မအောင်မြင်ဘူး .. ဒီလိုနဲ့ ဖိုဆရာလိုလိုဘာလိုလို ဓါတ်လုံးလေး တကိုင်ကိုင်နဲ့ .. လုံးချာလည်လိုက်နေခဲ့တာပဲမှလား …

ဒီတော့ .. နဲနဲများသွားပြိ .. ပြန်ပြီး အဆုံးသတ်မယ် … ကျနော် ပြောချင်တဲ့ ဓါတ်လုံးဆိုတာလဲ ဒါပဲ … ဓါတ်လုံးကို ပွတ်ရင် ပြောင်မှာပေါ့ .. ဆောင်ထားရင် လေးမှာပေါ့ … ရေစိမ်သောက်တော့ .. နံပတ်တူးလေး သွားမှာပေါ့ … ဒီထက်ပိုပြီးတော့ ဘာမှသိပ်မထူးပါဘူးဗျာ .. ဟဲဟဲ …

4 comments:

မြတ်မွန် said...

မြန်မာစာ ထပ်ပြီးလေ့လာလို့ရအောင် မြန်မာစာ မြန်မာစကားဆိုက်လေးမှာ သွားရောက်လေ့လာနိုင်ပါတယ်ရှင်။ ကိုဓာတ်....:P

January 10, 2010 12:20 AM
ဓါတ်လုံး said...

အင်း ..ဟုတ်ကဲ့ ..း(

January 12, 2010 2:53 AM
ဂျူလိုင်ဖြူ said...

ဓါတ်ဆိုတာကို..ဒီကကိုဓါတ်လုံးရှင်းပြလို့ နားလည်သလိုလိုတော့ရှိပြီ။တစ်ခုတော့မရှင်းဘူးဗျ။ဖြူနားလည်တဲ့ဓါတ်ပုံဆိုတာကအယ်..အဲတာကြီးလေ။ခုဟာကဓါတ်လုံးဓါတ်ပုံဆိုတော့...ပြေးပြီဗျို့ .. :)

January 14, 2010 8:38 AM
ဓါတ်လုံး said...

ဖြူက ဘယ်လိုနားလည်သွားလို့လဲ .. ;P

January 15, 2010 11:14 PM

Post a Comment