Home

About me

ChatRoom

Download Myanmar Font

Download Myanmar Font
Download and install myanmar font

What is Buddhism

Saturday, February 18, 2012

1. What is Buddhism?

Is Buddhism a Religion?

This may seem like a simple question requiring the simple answer "Yes, it is a religion", like Hinduism, Islam and Christianity. It has followers, a kind of priesthood, elaborate rituals, impressive temples, scriptures and so on. In one sense then Buddhism is a religion. Religion comes from the Latin word "religio" which means "to bind". It implies that we as human beings are insecure about ourselves in this existence and have therefore to "bind" ourselves to an external power which can provide some kind of protection and "save" us from present or future misfortune.

Buddhists do not bind themselves to the Buddha as if he is God, but they do rely on his teachings to help them escape the problems of existence. There is a difference though. Buddhists only use the Teachings and even the Buddha merely as a means to an end, and not as ends in themselves. The aim of Buddhists is not to meet the Buddha in heaven after death.

The Buddha used a famous parable of a raft to explain this point. A man sets out on a journey to get to a certain destination, but on the way he comes to great river which he has to cross. He has two options. The first is he could kneel down and pray for the other bank to come to him, which will never happen. The other option is to apply his energy and resourcefulness to cut down some bamboo, make a raft and row himself across. The raft is a means to cross the river, but the man's destination is elsewhere. Having crossed the river he must continue his journey: there is no need to carry the raft on his head anymore.

What the Buddha means is that he and his teachings are merely the means to reach final deliverance. We use both to get us part of the way, but the journey is completed by ourselves. We employ skillful means to use the raft but in the end we save ourselves. Gathering the bamboo and making the raft refers to the various devices we have created over the years to practice the Teachings, which we recognize as the "Buddhist Religion". As we progress, we rely less and less on those means and finally we arrive at a stage where we are confident enough to continue the journey alone. So in one sense we are "bound" to this religion called Buddhism but in the other sense we are expected to break free and rely on ourselves.

According to the Oxford English Dictionary, religion is described as "The recognition of a superhuman controlling power, and especially of a personal God, entitled to obedience"

By this definition Buddhism does not qualify as a religion in the accepted sense, because Buddhists certainly do not accept the concept of a Creator, who is entitled to obedience, and who can reward or punish indiscriminately. The Buddha is seen as a perfect human being who discovered the secrets of the universe and showed humanity the Path to Enlightenment.

Taken from "A Buddhist Reflects on Ten Questions"











Collection of Patthana(Conditional and Casual Relations) links ပဌာန်း ပစ္စယနိဒ္ဒေသ (၂၄ပစ္စည်းအကျယ်)

Thursday, January 5, 2012




  1. Patthana Explanation in English
  2. Patthana in Wikipedia 
  3. ပဌာန်းပါဋိတော် ပစ္စယနိဒ္ဒေသ မြန်မာပြန် 
  4. မင်းကွန်းဆရာတော်ဘုရားကြီး၏ ပဌာန်းပါဋိတော်အကျယ် ဗီဒီယိုဖိုင်
  5. အရှင် သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ 
  • Mediafire Link 1 အကုသိုလ်စိတ် အဟိတ်စိတ် အရူပါဝါစရ စိတ်များ - ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစိမ္ဆာနံပစိမ္ဆာနံအဗျာကတာနံ ဓမ္မာနံ အနက်အဓိပ္ပါယ်များ နားလည်ရန် ကုသိုလ် အကုသိုလ် အဗျာကတစိတ်များ ရှင်းလင်းထားသည်။ 
  • Mediafire Link 2 
  • Mediafire Link 3 
  • Mediafire Link 4 
  • Mediafire Link 5

မြန်မာ့ပညာရေး မဟာအလွဲများ

Thursday, December 8, 2011

ကျွန်တော် ဒီတစ်ခေါက် ဇာတိမြေပြန်တော့ ထုံးစံအတိုင်း ပညာရေးအသိုင်းအ၀ိုင်းက မိတ်ဆွေတွေထံကို သွားလည်မိပါတယ်။ သူတို့နဲ့တွေ့ဆုံရတာ ပညာရေးအကြောင်းတွေလည်း မျက်ခြေမပြတ်၊ ရင်ဖွင့်သံတွေ လည်းကြား၊ စာရေးဖို့ ကုန်ကြမ်းတွေလည်းရတတ်လို့ ယခင်မိတ်ဟောင်းဆွေဟောင်း ဆရာတွေကို မဖြစ် မနေ သွားရောက်တွေ့ဆုံ စကားတွေပြောမကုန်အောင်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက် ထူးဆန်းတဲ့စကားတစ်ခွန်းကို ကြားရတယ်။ "လေးတန်းကျောင်းသား သတင်းစာမဖတ်တတ်ဘူး"။ ထူးဆန်းလိုက်တဲ့စကားကို ပြောသူက ကျွန်တော့် ဆရာ လက်ထောက်မြို့နယ်ပညာရေးမှူးတစ်ယောက်။ "နိုင်ငံတော်အကြီးအကဲက ဒုတိယတန်းရောက်ရင် သတင်းစာလေးတော့ ဖတ်တတ်အောင် လုပ်ပေးကြပါ" လို့ပြောလိုက်တယ်။ သိတယ်မဟုတ်လား ဒီမှာက လူကြီးတစ်ခွန်းပြောလိုက်မှာ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြတာ။ ဒါနဲ့ ပညာရေးသုတေသနက ပညာရှင်တွေ သုတေသနသမားတွေ ကျွန်တော်တို့နယ်ကို ဆင်းလာကြ တယ်။ ကျောင်းတွေကို တစ်ကျောင်းဝင် တစ်ကျောင်းထွက် သတင်းစာဖတ်ပွဲကြီးတွေ လိုက်ကျင်းပကြတယ်။ ပထမဦးဆုံး ဒုတိယတန်းကို ၀င်တယ်။ ကလေးတစ်ယောက်ကိုခေါ်ပြီး သတင်းစာဖတ်ခိုင်းတယ်။ စာလုံးတောင် မပေါင်းတတ်ဘူး။ နောက် တတိယတန်းကိုတက်၊ သတင်းစာဖတ်ခိုင်း မရ၊ စတုတ္ထတန်းကို တက်၊ သတင်းစာ ဖတ်ခိုင်း မရ၊ နောက်ဆုံး ပဉ္စမတန်းအထိတက်၊ သတင်းစာဖတ်ခိုင်း။ သေချင်စော်နံသွား တယ်။ မဖတ်တတ်ဘူး။ နောက်တစ်ဆင့် မတက်ခိုင်းတော့ဘူး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြန်လာခဲ့ကြတယ်။ ခုထိ အဖြေလည်းမရှာ၊ အမေးလည်းမထုတ် ဘာမှလည်းမလုပ်နဲ့ သုတေသနဆိုတာ ရှာဖို့သက်သက်ပဲ လာလုပ်တယ် ထင်ပါတယ်။ ကလေးတွေ စာမဖတ်တတ်တော့တာတော့ အမှန်ပဲ" လို့ ဆရာက စကားစ ဖွင့်လိုက်တယ်။ ဒီမှာတင် မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်က "ဆရာတို့ လွှတ်လိုက်တဲ့ ဆရာမအသစ်တွေကလည်း ကြည့်ဦးလေဗျာ "သြ" ကို "သ ရရစ် အော" လို့ ကလေးတွေကို စာလုံးပေါင်းသင်တယ်။ ကကြီး ခခွေး သဝေထိုး အရစ်အဆွဲမမှန်၊ စာကို ဋ္ဌာန်ကရိုဏ်းကျကျ မဖတ်တတ်။ ၀လုံးနဲ့ သုည ဆွဲချင်သလိုဆွဲ။ ကလေးတွေကို စာလုံးမပေါင်းပြဘဲ အလွတ်တိုင် အလွတ်လိုက် ဆို၊ အလွတ်လိုက်ရေး အောင်မှတ်ပေးနေတာ" လို့ ထပြောလိုက်တယ်။ "သတင်းစာ မဖတ်တတ်ဘူးဆိုတဲ့ ကလေးကို ဖတ်စာအုပ်ဖတ်ခိုင်းတော့လည်း အဆင်ကို ချောနေတာပဲ။ ကလေးတွေ ကျောင်းစာကိုပဲ သိတော့တယ်။ အပြင်စာကို လုံးဝမဖတ်နိုင်တာ" "ကျောင်းစာကို သိတယ်ဆိုတာ နေ့စဉ် အတိုင်အဖောက်နဲ့ ဆရာက ဖတ်ပြနေတဲ့အတိုင်း သိတာ။ စာလုံးပေါင်းဖတ်နည်းကို ဆရာကလည်း မတတ်၊ တပည့်တွေကိုလည်း အချိန်ကုန်ခံပြီးမသင်တော့ စာဘယ် မှာဖတ်တတ်တော့မှာလဲ" ကျွန်တော်တို့ စကားဝိုင်းက ကောင်းလာတယ်။ ကျွန်တော်တို့ ကလေးတွေ စာမဖတ်တတ်တာကို အဖြေရှာ ကြည့်ကြတယ်။ ပထမအချက်က ဆရာတွေကိုယ်တိုင် စာမဖတ်ဘူး။ စာဖတ်အားနည်းရတဲ့အထဲ မပြေလည် တာကို အကြောင်းပြပြီး ကျူရှင်တွေ ခေါ်သင်တယ်။ ကျူရှင်သင်တယ်ဆိုလို့ အထွေအထူးတတ်အောင် မဟုတ်ဘူး ကျောင်းသင်စာကို အိမ်ခေါ်ပြီး ပြန်အော်ခိုင်းတာ။ ပိုက်ဆံယူကောင်းအောင်ပေါ့။ ကလေးတွေ ကျောင်းလွှတ်ရင်အိမ်လာ။ တစ်နာရီ နှစ်နာရီလောက် စာအော်ကြ။ ဆရာမကတော့ အိမ်နောက်ဖေးမှာ ချက်ပြုတ် လျှော်ဖွတ်မပျက် ဒီကနေ စပျက်တော့တာပဲ။ နောက်တစ်ချက်က ကျောင်းတွေမှာ ကလေးတွေ စာဖတ်အားတက်စေတဲ့ စာအုပ်၊ စာပေတွေ မရှိတော့ဘူး။ စာကြည့်တိုက်မရှိဘူး။ ရှိလည်း ဖွင့်မပေးဘူး။ ကလေးတွေဆိုတာ မျက်စိထဲမှာ အရုပ်များများနဲ့ စာတွဲထား တာမြင်ရင် စိတ်ဝင်စားကြတယ်။ လိုက်ဖတ်တယ်။ ကာတွန်းကြိုက်တယ်။ ကာတွန်းတွေ့ရင် လိုက်ဖတ် တယ်။ ကာတွန်းစာအုပ် ကျောင်းယူလာရင် ဆရာကသိမ်းပြီး သူကိုယ်တိုင် ကာတွန်းစာအုပ်ကို အတန်း ရှေ့မှာ ထိုင်ဖတ်နေတဲ့ အဆင့်လောက်ရှိတဲ့ ဆရာတွေနဲ့ ပညာခေတ်ကို မထူထောင်နိုင်ဘူး။ ကျွန်တော်တို့ ကနေ့စာဖတ်နေတာ၊ စာရေးနိုင်တာတွေဟာ သုံးတန်း လေးတန်းလောကတုန်းက ကျောင်း စာကြည့်တိုက်ကြောင့်ပါ။ ကျောင်းစာကြည့်တိုက်ကို ၀င်ကြေးတစ်မတ်ပေးရတယ်။ ကတ်ပြားထုတ်ပေး တယ်။ စာအုပ်ငှားလို့ရတယ်။ စာကြည့်တိုက်ထဲမှာ ထိုင်ဖတ်လို့ရတယ်။ ကျွန်တော်တို့ ပုံပြင်စာအုပ်တွေကို ကျောင်းလွှတ်တိုင်း အလုအယက်သွားဖတ်ကြတယ်။ အိမ်ကိုငှားရင်လည်း ပုံပြင်စာအုပ်တွေပဲငှားတယ်။ စာကြည့်တိုက်ထဲမှာ ဘားမားစတားကာတွန်းစာစောင်တွေ ပုံထားတယ်။ မောင်ကမ္ဘာကာတွန်းစာအုပ်တွေရှိ တယ်။ ကာတွန်းတွေဖတ်ကြတယ်။ သတင်းစာလည်း ထားပေးထားတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ အပုံလိုက် စားပွဲပေါ်တင်ပေးထားတယ်။ မနက်စောစောကျောင်းမတက်ခင်တစ်ချိန်၊ နေ့ခင်းထမင်းစားလွှတ်ချိန် တစ်ချိန်စာကြည့်တိုက်ထဲ ပြေးပြီး စာအုပ်လုကြတာအရသာတစ်မျိုးလို ခုထိခံစားရတယ်။ အဲဒီအချိန်က သဘောထားကြီးစွာနဲ့ စာကြည့်တိုက်ဖွင့်ပေးတဲ့ ဆရာတွေကို ကျေးဇူးတင်မိတယ်။ ကျွန်တော် နာမည်ကြီးကျောင်းကြီးတစ်ကျောင်းမှာ ပင်စင်မယူမီအထိ အလုပ်လုပ်ခဲ့တယ်။ ကျောင်းကို ရောက်တော့ ကျောင်းအုပ်ကြီးဆီကို စာကြည့်တိုက် ဘယ်မှာလဲလို့ သွားမေးရတယ်။ ကျောင်းအုပ်ကြီးက "ခု စာသင်ခန်းဖွင့်ထားတဲ့ ခုနှစ်တန်းနေရာ" လို့ပြောလိုက်လို့ စာကြည့်တိုက်ကို သွားကြည့်တယ်။ စာအုပ် ဘီရိုကြီးတွေ ခန်းလုံးပြည့် ၁၀ လုံးလောက်ရှိမယ်။ စာအုပ်တွေလည်းအပြည့်။ ဒါပေမယ့် ဖုန်တွေတက်၊ ၀ါညစ်ဆွေးမြေ့နေကြပြီ။ စာကြည့်တိုက်ဘီရိုကိုဖွင့်တဲ့ သော့တောင်ရှာမတွေ့တော့ဘူး။ ကျွန်တော် ဆရာအတတ်သင်တန်း တက်တုန်းကလည်း မှတ်မိသေးတယ်။ ဆရာအတတ်သင်မှာ စာကြည့် တိုက်ရှိတယ်။ တက္ကသိုလ် ကောလိပ်တွေမှာလို ဌာနတစ်ခုအနေနဲ့ ထားပေးပြီး၊ စာအုပ်တွေငှားပေးတာ။ ကျွန်တော် စာကြည့်တိုက်ထဲရောက်တော့ မဖတ်ဖူးသေးတဲ့ စာအုပ်တွေကို ဘီရိုအပြည့်သွားတွေ့တယ်။ နိုင်ငံခြားကနေ လှူဒါန်းထားတဲ့ ပညာရေးဆိုင်ရာ စာအုပ်တွေပေါ့။ စာကြည့်တိုက်မှူးထံကိုသွားပြီး အဲဒီ ဘီရို ဖွင့်ပေးဖို့ပြောတော့ ကျွန်တော့်ကို အထူးအဆန်းလိုမော့ကြည့်ပြီး သူ့စာကြည့်တိုက်မှူးတစ်သက် အဲဒီ ဘီရိုဖွင့် ခိုင်းတဲ့ဆရာနဲ့ တစ်ကြိမ်မှ မကြုံဘူးသေးကြောင်း ၀န်ခံတယ်။ ကဲ ကျွန်တော်တို့တိုင်းပြည်က ဆရာတွေရဲ့ အရည်အသွေးတွေကို အကဲဖြတ်နိုင်မယ်ထင်တယ်။ စာမဖတ်တဲ့ဆရာတွေရဲ့ လမ်းညွှန်သင်ပြမှုအောက်မှာ စာမဖတ်တဲ့ကလေးတွေ ထွက်လာတာလည်း "Garbage in, garbage out" သဘောဖြစ်နေလို့ အဆန်းတော့ မဟုတ်ပါဘူး။ မြန်မာ့ပညာရေးလောကကို creative ဖြစ်တယ်လို့ မပြောနိုင်ဘူး။ ဖတ်စာကိုပုံသေထား၊ ဖတ်စာပဲသင်၊ ဖတ်စာပဲမေး၊ ဖတ်စာထဲကအတိုင်း မဟုတ်ရင် အမှတ်မပေးတဲ့ ပညာရေးစနစ်မှာ creative လည်း ဖြစ်လာမှာမဟုတ်ဘူး။ ဆရာတွေ ကိုယ်က ဘာမှလုပ်လို့မရ၊ လုပ်ပိုင်ခွင့်တွေမရှိတော့ ကြာလေတုံးလေ၊ သံချေးတက်လေနဲ့ နောက်ဆုံး လွှင့်ပစ်လိုက်ရတော့မယ့် အနေအထားအထားထိဖြစ်သွားအောင် စနစ်တကျများ ဖျက်ဆီးနေကြတာလားလို့ တောင် သံသယပွားမိတယ်။ ဆရာတွေ သုံးမရတော့ တပည့်တွေလည်း တုံးလာတယ်။ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုမရှိ နှစ်ပေါင်း များစွာ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီပြဋ္ဌာန်းချက်စာအုပ်တွေကိုပဲ ပုံသေစွဲကိုင်ထားတယ်။ အရိုးစွဲနေတဲ့သူတွေက လည်း သူ့ခေတ်ကစာ၊ သူ့ခေတ်ကအထာတွေကိုပဲ ကောင်းတယ်လို့ထင်ပြီး ရှေးခေတ်ဟောင်း အောင့်မေ့ ဖွယ်တွေကိုပဲ ပြန်သင်ခိုင်းနေကြတယ်။ ကွန်ပျူတာခေတ် အိုင်တီခေတ်မှာ ကွန်ပျူတာမကိုင်ဘူးတဲ့ လူကြီးတွေက ကွန်ပျူတာကို အထင်မကြီးတော့ ကွန်ပျူတာနဲ့ ကွင်းရှောင်လို့ရသမျှ ကွင်းရှောင်ပြီး ပညာရေးအလုပ်တွေ လုပ်နေကြတယ်။ ဒီတော့ ကွန်ပျူတာနဲ့ ပညာရေး အလှမ်းဝေးကုန်တယ်။ ပြီးခဲ့တဲ့လွှတ်တော်အထိ ပညာရေးတွင် အိုင်စီတီကို ထိရောက်အကျိုးရှိစွာ အသုံးချရေးဆိုပြီး အဆိုတင်တာ ကို ထောက်ခံကြောင်းပဲ ပြောတယ်။ ဘယ်လိုအကျိုးရှိအောင်သုံးမှာလဲ၊ ဘယ်လောက်အဆင့်အထိ သုံးမှာလဲ၊ ဘယ်သူတွေနဲ့ သုံးမှာလဲ၊ ဘာတွေကိုသုံးမှာလဲ တိတိပပ ထုတ်ဖော်တင်ပြဆွေးနွေးတာ မတွေ့ရဘူး။ လမ်းဖောက်၊ တံတားဆောက်၊ မီးရထားရပ်ဖို့နဲ့ ကားလမ်းပေါ်လှည်းမတက်ရေးလောက်ကို ဆွေးနွေးနေကြတဲ့ ပြည်သူတွေရဲ့ ပြည်သူ့ကိုယ်စားလှယ် ဆိုတာတွေကိုလည်း စိတ်ပျက်မိတယ်။ လွှတ်တော်နှစ်ကြိမ်ကျင်းပသွားတဲ့အထဲမှာ အိုင်စီတီနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေးဖွံ့ဖြိုးတိုးတက် အောင် ဦးဆောင်ဆွေးနွေးသူတွေ တစ်ယောက်မှမရှိဘူး။ ထင်ရှားတာက အိုင်စီတီအကြောင်း၊ အိုင်စီတီနဲ့ နိုင်ငံပြုပြောင်းလဲရင် တိုးတက်မှုမြန်ဆန်ကြောင်း သိသူတွေ လွှတ်တော်ထဲမှာနည်းနေတယ်ထင်ပါရဲ့။ မြန်မာနိုင်ငံမှာ စာမဖတ်တာ အဆန်းမဟုတ်ပါဘူး။ ကျွန်တော့် ပညာရေးဆိုင်ရာ စာအုပ်တစ်အုပ် မကြာ သေးမီက ထုတ်တယ်။ ထုတ်ဝေသူက အုပ်ရေ ၁၀၀၀ (တစ်ထောင်) ထုတ်တယ်တဲ့။ စာပေလောကမှာ အုပ်ရေ ၁၀၀၀ ဆိုတာ bestseller စာရင်းဝင်တဲ့။ မြတ်စွာဘုရား! ကယ်တော်မူပါ။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်၊ ၆၀ နီးပါး။ စာအုပ်ထုတ်ရင် ၁၀၀၀၊ ဂျာနယ်တွေမှာ ၁၀၀၀၀ (တစ်သောင်း) လောက်ရိုက်ရရင် ထိပ်တန်းတဲ့။ နေ့စဉ်ထုတ်သတင်းစာတွေလည်း သိန်းဂဏန်းပဲရှိတယ်။ အကြည်တော် ဆိုတဲ့ ဟာသစာရေးဆရာရဲ့စာအုပ်က တစ်ကြိမ်ရိုက်ရင် သောင်းဂဏန်းဆိုတော့ ကျွန်တော်တို့ထက် သာတယ်။ စာမတတ်၊ စာမဖတ်တဲ့သူတွေနဲ့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ဦးမယ် ဆိုတာကတော့ နည်းနည်းလေးလွဲနေပြီထင်ပါတယ်။ နောက်ဆုံးပြောချင်တာက - ကလေးတွေကို စာဖတ်နိုင်အောင်လုပ်ပေးကြပါ။ ပြန်ကြားရေးဌာနက စာကြည့်တိုက်တွေ ကျေးရွာ ရပ်ကွက်အထိ လိုက်ဖွင့်ပေးနေတယ်ဆိုပြီး လူကြီးလာမှ စာလာဖတ်ပြတာမျိုး မလုပ်ကြပါနဲ့၊ -စာဖတ်ချင်အောင် အသင်းအဖွဲ့လေးတွေ သူတို့စိတ်ကြိုက်ဖွဲ့စည်းခွင့်ပေးပါ။ အသင်းအဖွဲ့ကို မကြောက်ပါနဲ့။ ဒီမိုကရေစီ အဲဒီကစတာပါ။ ပါတီတွေ အဲဒီကနေစရတာပါ။ တူသူတွေပေါင်းစည်း ခွင့်ကို အစိုးရဆိုတာကြီးနဲ့ မလွှမ်းမိုးထားပါနဲ့ - ကျောင်းတွေမှာ စာကြည့်တိုက်တွေပြန်ဖွင့်ပါ။ စာအုပ်တွေကို update ဖြစ်အောင် အမြဲလုပ်ပါ။ စာကြည့်တိုက်သုံးမှ စာမေးပွဲဖြေနိုင်၊ အမှတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို ဆရာတွေလည်း လက်ခံနိုင်အောင် ပြန်ပြီးလေ့ကျင့်ပါ။ တပည့်တွေလည်း ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးပါ။ -ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးဖို့ဆိုတာ ပညာရေးမှာ ခေတ်မီအောင်အရင်လုပ်မှရပါလိမ့်မယ်။ အိုင်စီတီ ကို အလျှံပယ်သုံးနိုင်ရေး ကျောင်းတွေမှာ စီစဉ်ပေးပါ။ ကွန်ပျူတာကိုင်ခွင့်ရှိအောင်၊ အင်တာနက် သုံးတတ်အောင် အခွင့်အရေးတွေပေးပါ။ မသုံးရင် မဖြစ်လောက်အောင် သင်ရိုးနဲ့ ပြဋ္ဌာန်းချက်တွေ ကို ပြင်လိုက်ရင်ပိုကောင်းပါတယ်။ -မြန်မာ့ပညာရေးစနစ်ဟာ ကြိမ်ဖန်များစွာပြန်သုံးနေတဲ့ ချဉ်ဖတ်အိုးကြီးနဲ့တူနေပါတယ်။ ကဇော် ဖောက်ထားသလို ချဉ်စော်နံပြီး အံချင်စရာကောင်းနေပါတယ်။ အထူးသဖြင့် အဲဒီချဉ်ရေစိမ်အိုးထဲ မှာ ဆရာတွေရဲ့ အနေအထားက ပိုဆိုးပါတယ်။ မြောင်းထဲရောက်နေတဲ့ ဆရာတွေရဲ့ဘ၀ကို ပြန်ဆွဲတင်ပေးပါ။ -ပညာရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ပုဂ္ဂလိကပညာရေးကို ခွင့်ပြုလိုက်ရင် ရရှိလာမယ့်အကျိုးဆက်ဟာ အစိုးရအတွက် အကောင်းတွေဖြစ်လာမှာမဟုတ်ပါဘူး။ ပညာရေးကို ချိုးနှိမ်ထားရာကနေ၊ ရန်မဖြစ်တတ်တဲ့ကလေးနဲ့ ရန်ဖြစ်တတ်တဲ့ စွာလန်ကျယ်ကလေးကို ရန်တိုက် ပေးလိုက်ရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ တင်ညွန့် http://thettantcho.grou.ps/talks/6773524 ဒီနေရာမှ ကူးယူပါသည်။

Wednesday, November 9, 2011

Windows server 2003 R2 standard crack activation 1. Click on Start button. 2. Click on Run. 3. Type regedit into the Run text box and press Enter. 4. Navigate to the following registry key: HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\WPAEvents 5. Note: From this step onward, the cracking process must be performed as quickly as possible, as it hacks activation stuff and Windows may change back the setting if there is a delay of more than few seconds. Locate a string value named OOBETimer. 6. Right-click on OOBETimer, and click on Modify. 7. Change the value to FF D5 71 D6 8B 6A 8D 6F D5 33 93 FD. Activation OOBETimer 8. Click on OK. 9. Right-click on WPAEvents and select Permissions?. 10. Click on Advanced button. 11. Uncheck the check box for Inherit from parent the permission entries that apply to child objects. Include these with entries explicitly defined here. 12. Click on Apply. 13. When prompted, click COPY. 14. From there, highlight the SYSTEM line, and click Edit. 15. Choose the Deny option to ban all users from accessing and editing the key. 16. Click on OK. 17. Reboot the computer. After the hack, Windows Home Server should run completely as a free copy, with users able to access Windows Update to get latest hotfixes and patches. The crack does not require BIOS mod. To verify that the activation crack works after restarting the system, go to Start -> All Programs -> Activate Windows. The dialog should say Windows is already activated. Alternatively, go to Start -> Run and type oobe/msoobe /a. Note: Some users reported that the method does not actually remove the activation grace period, even though it makes the system activated.

8bits world

Tuesday, October 11, 2011

မျက်နှာပေါ်ကျလာသော သွေးစက်များ

မနေ့ညကပေါ့ .. အလုပ်ကပြန်လာပြီး အိပ်ရာစောစောဝင်ခဲ့တယ် .. ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားလိုက်တာ … ညသန်းခေါင်လောက်ကျတော့ ကျမ ပြန်နိုးလာပါတယ် … ပြတင်းပေါက်တံခါးက ပွင့်နေတယ် … အပြင်က လရောင်ကြောင့် အစောကြီးရှိသေးတာပဲလို့ ခန့်မှန်းမိတယ် … မနေ့က အလုပ်က ပင်ပန်းလာတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရမှာကို ခု အစောကြီး နိုးလာတယ် … အိပ်ပျော်သွားတာ နာရီပိုင်းလောက်ပဲ ရှိဦးမယ် … ဒါပေမယ့် နိုးလာတော့ လူက လန်းလန်းဆန်းဆန်းကြီး .. ထပ်အိပ်ဖို့ကြိုးစားရဦးမယ် … မဟုတ်ရင် မနက်ဖြန် အလုပ်မှာ ငိုက်နေရလိမ့်မယ် … ဘယ်နှနာရီလဲကြည့်ဦးမှ …

ခုတင်ဘေးက ခုံပေါ်က နာရီကို လှည့်ကြည့်ဖို့အလုပ် …

ကိုယ်တစောင်းလှည့်ဖို့ ကြိုးစားတာမှာ လူက လှည့်လို့မရဘူး .. ကြိုးနဲ့ အထပ်ထပ် ရစ်ပတ်ထားသလိုပဲ … သေချာပါပြီ … သူမကို ကျမ နောက်တကြိမ် ထပ်တွေ့ရပါတော့မယ် …

အဲဒီအမျိုးသမီးပါပဲ … ဒီအိမ်ကိုပြောင်းပြီးကာစနှစ်တွေတုန်းက ၂ကြိမ်လောက် တွေ့ဖူးခဲ့ပါတယ် … သူ့ကြောင့်လဲ အရမ်းကြောက်လန့်တုန်လှုပ်ခဲ့ရဖူးပါတယ် … ဘယ်လောက်ထိလဲဆို ကျမကိုယ်ကျမလဲ ရူးနေပြီလို့တောင် ထင်မိခဲ့တယ် …

ခုလဲ သူနောက်တကြိမ် ပြန်လာပြန်ပါပြီ ... ခုတင်ခြေရင်းဖက်မှာပါပဲ … ခြေသံတွေ တရှပ်ရှပ်ကြားနေရတယ် … အခန်းထဲမှာ ကိုယ်တယောက်ထဲ မဟုတ်ဖူးဆိုတဲ့ အသိက လွှမ်းမိုးနေတယ် …

ခြေသံကြားတဲ့ဖက်ကိုကြည့်တော့ အမှောင်ထဲမှာမို့ သဲသဲကွဲကွဲ မမြင်ရဘူး … အရိပ်တခုလိုပါပဲ … တဖြည်းဖြည်းနဲ့ အဲဒီခြေသံက ခုတင်ခြေရင်းကနေ ခုတင်ဘေးဖက်ရောက်တာတယ် …
ကြောက်စိတ်ကြောင့် ထွက်ပြေးချင်ပေမယ့် တကိုယ်လုံးက ဆေးတို့ခံထားရသလို တောင့်တင်းနေတယ် … လှုပ်ရှားလို့မရ …

ကြောက်လွန်းလို့ မျက်စိကို မှိတ်ထားမိတယ် … ဒါပေမယ့် အသိအာရုံက ခုတင်ဘေးက တစုံတယောက်က အပေါ်ကမိုးပြီးစိုက်ကြည့်နေသလိုမျိုးကို ခံစားနေရတယ် … ကြောက်စိတ်တွေ လွန်ကဲနေပါပြီ … မျက်စိကိုတော့ မှိတ်ထားတုန်း …

မျက်နှာပေါ် တစက်စက်နဲ့ စေးထန်းထန်း ရေစက်တချို့ကျလာတယ် … မျက်စိဖွင့်မိတယ် …
အပေါ်ကနေမိုးပြီး စိုက်ကြည့်နေတာပါ … ခုန ရေစက်တွေက သူမ ပါးစပ်က ကျလာတဲ့ သွေးစက်တွေ …

ကျမကို စားမတတ်ဝါးမတတ် ကြည့်နေတဲ့အကြည့်တွေက သူမ အရမ်းဒေါသထွက်နေမှန်း သိသာနေပါတယ် … အဲဒီနောက်တော့ ပိုဆိုးလာပြိး လည်ပင်းညစ်ပြီး ကျမကိုအသေသတ်ဖို့ ကြိုးစားလာတယ် … အသက်ရှုတွေ မွန်းကြပ်လာပြီး … အဲဒီနောက်တော့ ကျမ သတိလစ်သွားခဲ့ပါတယ် …

------------------------------------------------

ပုံပြင်ကတော့ ဒါပါပဲ … ဖတ်လို့ကောင်းလားဗျ … သရဲပုံပြင်တော့မဟုတ်ပါဘူး … sleep paralysis ရတဲ့ လူနာတယောက်ရဲ့ အတွေ့အကြုံကို ဆေးပညာဝဘ်ဆိုဒ်တခုကနေ ဘာသာပြန်ပေးထားတာပါ …

အဲဒီလို အဖြစ်ပျက်မျိုးတွေကို ကမ္ဘာအရပ်ရပ်မှာ ဇာတ်လမ်းအမျိုးမျိုးနဲ့ တွေ့မြင်တတ်ကြပါတယ် … ဂြိုလ်သားတွေက ဆွဲခေါ်သွားတာတို့ ဆံပင်ဖားလျားနဲ့ အမျိုးသမီးတယောက် ခုတင်ခြေရင်းမှာရပ်ပြီး စိုက်ကြည့်နေတာတို့ … တောကျောင်းက သရဲမွေးထားတယ်လို့ နာမည်ကြီးနေတဲ့ နေရာတွေမှာ သရဲက အိပ်နေတုန်း ခွစီးတာတို့ … နေရာဒေသကိုလိုက်ပြီး ဇာတ်လမ်းကအမျိုးမျိုးပေါ့ …

ဒါပေမယ့် အဲဒီဇာတ်လမ်းတွေ အကုန်လုံးမှာ အခြေခံ တူညီတဲ့အချက်တွေ ရှိပါတယ် … ဥပမာ နိုးလာတဲ့အချိန်တွေမှာ လူက လန်းဆန်းနေတတ်ပါတယ် (အိပ်ရေးမ၀တဲ့ပုံစံမျိုးမဟုတ်ဖူး.. အနဲဆုံး နိုးမှန်းသိနေတယ်ပေါ့ဗျာ)၊ မျက်လုံးကလွဲပြီး ခြေလက်တွေ လှုပ်ရှားလို့မရဘူး .. စကားပြောလို့မရဘူး(လေးလေးလံလံ အရာဝတ္တုတခုခုက ဖိပြီးချုပ်ထားသလို ခံစားရတယ်) … တခါတရံ အသက်ရှု မွမ်းကျပ်လာတာမျိုးတွေ ခံစားရတယ် … ထင်ယောင်ထင်မှား ဖြစ်တတ်တယ် (တစုံတယောက်က စိုက်ကြည့်နေတာကို မြင်ရတာမျိုး) …

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့သူဟာ အိပ်မက်မက်ခဲပါတယ် … အိပ်တ၀က် နိုးတ၀က်အချိန်မှာ အိပ်မက်မက်တာ များပါတယ် … sleep paralysis hallucination (အဲဒီလို မကောင်းဆိုးဝါး မြင်မက်တာမျိုးတွေ) ဖြစ်တာကတော့ အဲဒီ အိပ်တ၀က် နိုးတ၀က်အချိန်နဲ့ နိုးထတဲ့ အချိန်ကြားမှာ ဖြစ်တယ်လို့ ဆိုပါတယ် …

အဲဒါကြောင့် အိပ်တ၀က်နိုးတ၀က် အိပ်မက်တွေ မက်တတ်တယ် … တချိန်တည်းမှာပဲ လူဟာ နိုးထနေတဲ့ အသိကို ခံစားရတတ်ပါတယ် … အဲဒါကြောင့်လဲ အိပ်မက် မဟုတ်တာ သေချာတယ်ဆိုပြီး လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေသလိုမျိုး မြင်တွေ့ ခံစားရတာပါ …

အသိစိတ်က နိုးထနေပေမယ့်လဲ ဦးနှောက်ရဲ့ ခနာကိုယ်ကို လှုပ်ရှားအလုပ်လုပ်စေတဲ့ အပိုင်းတွေက အလုပ်မလုပ်သေးတဲ့အတွက် လူက နိုးနေပေမယ့် ခနာကိုယ်က လှုပ်ရှားမရတာမျိုးတွေ ဖြစ်တတ်ပါတယ် …

ထုံးစံအတိုင်း စိတ်ဖိစီးမှုများတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် … အိပ်ချိန်မမှန် အိပ်ရေးမ၀တဲ့သူတွေမှာ ဖြစ်တတ်ပါတယ် … အိပ်ရာအပြောင်းလဲ ရေမြေဒေသ အပြောင်းလဲမှာ ဖြစ်တတ်ပါတယ် …

တရားထိုင်တာမျိုး ပုတီးစိတ်တာမျိုး စိတ်ကိုတည်ငြိမ်အောင် လုပ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ် … တောရဘုန်းကြီးကျောင်းတွေမှာ သရဲတက်စီးတာကို ပဌာန်းရွတ်လိုက်တော့မှ တဖြည်းဖြည်းနဲ့ ပြန်ဆင်းသွားတယ်ဆိုတာမျိုးကလဲ အဲဒီသဘောတွေပါပဲ … ပဌာန်းကို အာရုံပြုပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်တာပါ …

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ၃၁ ဘုံမှာ ကျင်လည်ရတဲ့ ဘ၀တွေကို ယုံကြည်ပါတယ် ... သရဲဆိုတာကလဲ ပေတလောကသား ပြိတ္တာတွေပါ ... အောက်ဘုံတွေက ဆင်းရဲငတ်ပြတ်လွန်းတဲ့ ဘ၀တွေပါ ... သူတို့ဘ၀တွေမှာ ပူလောင်စရာတွေအပြည့်နဲ့ ရှိပြီးသားကို အားအားယားယားနဲ့ လူတွေကို လာခြောက်လှန့်တယ်ဆိုတာမျိုးတွေက တွေးကြည့်ဖို့ကောင်းပါတယ် ... ဖြစ်နိုင်ပါ့မလား ...

အများစုက ကိုယ့်ဆီက အကူညီတောင်းခံချင်လို့ လာကြတာသာ ဖြစ်ပါတယ် ... တခါတလေ သူတို့နေတဲ့ ဘုံဗိမာန်တွေကို ကိုယ်ကသွားနှောင့်ယှက်လို့ ပြန်တုံ့ပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ် ... ဒါပေမယ့် နေရင်းထိုင်ရင်းတော့ ဘယ်သရဲကမှ လျှာကြီးထုတ်ပြနေစရာအကြောင်းမရှိပါဘူး ...

မင်္ဂလသုတ်မှာ ဗာဟုသိစ္စဉ္စ သိပ္ပဥလို့ ဟောခဲ့ပါတယ် ... ခေတ်ပညာ သိပ္ပံအတတ်ပညာတွေကို လေ့လာပြီး အမှားမှန် ခွဲခြားဝေဖန်တတ်ဖို့အတွက်ပါ ... ပွင့်လင်းတဲ့ အမြင်ရှိဖို့ပါ ... အရိပ်လိုလို မြင်လိုက်တိုင်း ခြေသံတရှပ်ရှပ် ကြားလိုက်တိုင်း သရဲသရဲထအော်နေလို့ကတော့ ထေရ၀ါဒါအမည်ခံတာဟာ လူရီစရာကောင်းသွားပါလိမ့်မယ် ...

ဓါတ်လုံး
www.datlone.com

တရားဂုဏ်တော် ၆ပါး

Monday, October 10, 2011


၁။သွာက္ခာတော ဘဂဝတာ ဓမ္မော။
၂။သိန္ဒိဋ္ဌိကော။
၃။အကာလိကော။
၎။ဧဟိပဿိကော။
၅။သြပနေယျိကော။
၆။ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
(၁)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်၊သွာက္ခာတော=နာစဉ်ချမ်းသာ ကျင့်ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျှင်းအောင် ရှင်းလင်း ဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။

(၂)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်အားဖြင့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သန္ဒိဋ္ဌိကော=သူများပြောကြား စကားနှင့်မျှမယုံရဘဲ ကျနကိုင်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း။

(၃)။ဘဂဝတာဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါးတရားတော်မြတ်သည်၊အကာလိကော=အချိန်မလင့် မဖင့်မနှေး ချက်ချင်းအကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

(၄)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဧဟိပဿိကော=လာခဲ့စမ်းပါ၊ ရှု့စမ်းပါဟု ဝမ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၅)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သြပနေယျိကော=အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၆)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဝိညူဟိ=သစ္စာသိမြင် ပညာရှင်ရှစ်ပါး အရိယာများသည်သာလျှင် ၊ပစ္စတ္တံဝေဒိတဗ္ဗော=ကိုယ်စီကိုယ်ငှ သိရ ခံစားရသော တရားတော်မြတ်ပါပေတည်း။ ဤသို့လျှင်သွာက္ခာတ စသား ဂုဏ်တော်ခြောက်ပါးနှင့်ထူးခြားကုံလုံပြည့်စုံတော်မူသော တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်းပါ၏ အရှင်ဘုရား။

မြတ်စွာဘုရားရှင် ဟောပြော ညွှန်ပြတော်မူသော တရားတော်များသည် သူတစ်ပါးထံမှ သင်ယူနာကြားထားသော တရားတော်များကို ပြန်လည်ဟောကြားသော တရားတော်များ မဟုတ်ပေ။မိမိ၏ အတွေးအခေါ် ဆင်ခြင်ဥာဏ်ဖြင့် တွေးခေါ်ကြံဆ ဆင်ခြင်၍ရသော တရားတော်များကို ပြန်လည်ဟောကြားထားခြင်းလည်းမဟုတ်ပါဘူး။အမှန်စင်စစ် ကိုယ်တိုင် အကျင့်လမ်းမှန်ကို ကျင့်ပြီး ကိုယ်တွေ့ဥာဏ်ဖြင့် ထိုးထွင်း သိမြင်ထားသော တရားတော်များကိုသာ ပြန်လည်ဟောကြားတော်မူခြင်းသာဖြစ်ပါတယ်။

တရားဂုဏ်တော် ပွားများရခြင်းအကျိုး။ ။တရားဂုဏ်ပွား၊ အကျိုးများ၊ မှတ်သား သိစေမည်။တရားရှင်ဖြစ်ငြား၊ မြတ်ဘုရား၊ လေးစားရိုသေသည်။သတိ သဒ္ဓါ၊ ပညာပုည၊ ပြန့်ပြောစွ၊ ဖြစ်ရထင်ရှားသည်။ နှစ်သက်ဝမ်းမြောက်၊ ဘေးမကြောက်ပေ၊ ဒုက္ခတွေ၊ မသွေသည်းခံသည်။ တရားတူနေ၊ ပူဇော်တွေခံ၊ မဂ်ရရန်၊ စိတ်ကြံညွတ်လေသည်။ ရှက်ကြောက်-ထင်ရှား၊ ကောင်းရာလား၊ ကျိုးများရနိုင်သည်။(အရှင်ကောဝိဒဓဇ)

ကိုးကား၊ ။ချမ်းမြေ့ဆရာတော်(လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာစာအုပ်)မှ ကောက်နှုတ်တင်ပြလိုက်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com ဦးဇင်းဘလော့သို့လာရောက်ဖတ်ရှုနိုင်ပါသည်။

ဓါတ်လုံး သရဲကြောက်တတ်သည်

Thursday, September 29, 2011

ခုတလော စိတ်တွေလေနေတာနဲ့ facebook ပေါ်က သရဲပုံပြင်တွေ နေ့တိုင်းလိုလို ဖတ်ဖြစ်နေတယ် .. သရဲ ပုံပြင်ဖတ် .. youtube မှာ သရဲအကြောင်းတွေ ကြည့်.. အဲဒါနဲ့ အချိန်ကုန်နေတယ် .. holiday ဖြစ်တော့ ဘာမှ လုပ်စရာ မရှိတာလဲ ပါတာပေါ့ .. လုပ်စရာမရှိတာဆိုတာထက် မလုပ်တာဆို ပိုမှန်လိမ့်မယ် ... အပျင်းထူနေတာ ..

အဲဒီ သရဲဆိုတာကလဲ ဘာဖြစ်လို့ရယ်တော့ မသိဘူး ...  တခါမှတော့ အခြောက်မခံဖူးဘူး ...  ငယ်ငယ်က စာကြည့်တော့ လူရိုးခေါင်းပေါ် ဖယောင်းတိုင်ထွန်းပြီး စာကြည့်ခဲ့တာပဲ .. အမ၀မ်းကွဲ ဆေးကျောင်းတက်တုန်းက လူလက်ဖျံရိုးတွေကိုလဲ ဗုံတီးခဲ့တာပဲ ..  ကျနော်တို့ အဖွဲ့တွေက ရွှတ်နောက်နောက်တွေ ... halloween မှာ အလောင်းစားလုပ်တာ ကျနော်ရှုံးလို့သချိုင်းကုန်းမှာ ဘာဂါထိုင်စားခဲ့ရဖူးတယ် ...  တနာရီတိတိ ...း( (အဲဒီအကြောင်း နောက်မှ ရေးဦးမယ်) .. အစုံပဲပေါ့ အဲလိုဟာတွေ ....

ထားပါတော့ .. ခုနက ပြောချင်တာကို ဆက်မယ် ...
အဲဒီသရဲပုံပြင်တွေ ... မနက် အိပ်ရာထထချင်းကနေ စဖတ်လိုက်တာ ညမိုးချုပ် .. တခါတလေ ဇွဲကောင်းကောင်းနဲ့ ဖတ်နေတာ မနက် မိုးလင်းတယ် ...
လူက သရဲပုံပြင် သရဲကားတွေကို ၃ ၄ရက်လောက် ဆက်တိုက်ကြည့်ထားတဲ့ အရှိန်ကြောင့်လား မသိဘူး ...  ကိုယ်တယောက်ထဲ ရှိနေတုန်းဆိုရင် ဟိုနားလေးမှာ အရိပ်ကလေး တွေ့လိုက်သလိုလို ခြေသံလေး ကြားလိုက်သလိုလို ဖြစ်လာတယ် ...

အဲဒါနဲ့ မနေ့ညကပေါ့ ...  ညသန်းခေါင်း သရဲပုံပြင် ဖတ်နေတယ် ... ၃နာရီလောက် ရှိပြီ .. အားလုံး တိတ်ဆိတ်နေတာပဲ ... ပုံပြင်ကလဲ ကောင်းနေတယ် .. အရေးသားက ကောင်းတော့ ..
ပြီးတော့ အခန်းဆက်ဆိုတော့ ပုံပြင်ထဲမှာ မျောနေတုန်း .. အခန်း တံခါးကို တဒေါက်ဒေါက်လာခေါက်တယ် ...  ဒီအချိန်ကြီး ဘယ်သူပါလိမ့်လို့ စဉ်းစားနေတုန်း တဒေါက်ဒေါက်နဲ့ ထပ်ခေါက်တယ် ... တံခါးကို ဖွင့်ပေးလိုက်တော့ အပြင်မှာ ဘယ်သူမှမရှိ  ...
ဟုတ်တော့ ဟုတ်နေပြီ .. တသက်နဲ့ တကိုယ် ဒီတခါတော့ သရဲ အခြောက်ခံရပြီပေါ့ ... ခုနကလဲ အိမ်သာနားက ဖြတ်သွားတုန်း လူရိပ်လိုလို ဘာလိုလို တွေ့လိုက်သလိုပဲ ...  အဲဒီမတိုင်ခင်က အဖေ့ကို ဖုန်းဆက်တယ် ... လိုင်းကမကြည်တော့ ညအမှောင်ထဲမှာ လမ်းဖက် ထွက်ဆက်တယ် ... အဖေက ဗေဒင်ထဲမှာ ကံနိမ့်နေတယ် .... ညဥ့်နက်သန်းခေါင် အပြင်မထွက်နဲ့ ဘာညာနဲ့ ပြောတယ်ဆိုတော့မှ ကိုယ်လဲ အိမ်အပြင်ရောက်နေတာ သတိထားမိတယ် ... ဖြစ်ချင်တော့ ကိုယ်ဖုန်းပြောနေတာ သိပ်ပင်ကြီးတွေနားမှာ ... ကိုယ့်ဟာကိုယ်ဆို သတိထားမိမှာမဟုတ်ဖူး ... အဖေသတိပေးတော့မှာ လှည့်ကြည့်လိုက်တာ သစ်ပင်တွေက တရှဲရှဲနဲ့ လှုပ်လာရော ...  ကြက်သီးတွေများ ထလိုက်တာဗျာ ... မွှေးညှင်းလေးတွေဆို ထောင်နေတာပဲ ... လက်က အသားရေကလဲ ကော်ပတ်စားလို့ရသလား အောက်မေ့ရတယ် ... အဲလောက် တခါမှ ကြက်သီးမထဖူးဘူး ... အဲဒါနဲ့ လန့်ပြီး ကိုယ့်အခန်းကိုယ် ပြန်ပြေးတော့တာပဲ ...
အဲဒါ ဖုန်းဆက်နေတုန်းကပေါ့ ...

ခုနဟာကို ဆက်မယ် ...  အဲဒီ အပြင်မှာ ဖုန်းဆက်တာရယ် .. အရိပ်လိုလိုဟာကြီး တွေ့တာရယ် ဖြစ်ပြီးပီ .. ခုတော့ သူ တံခါး ခေါက်ပြီပေါ့ ... တံခါးဖွင့်ကြည့်တော ဘယ်သူမှ မရှိဆိုတော့ .. ဒီတခါတော့ သေချာပြီဆိုပြီး ကိုယ့်ကိုယ်ကို အသင့်ပြင်တယ် ... ဘယ်လိုပြင်တယ် မှတ်လဲ ... အခန်းထောင့် ဓါးကြီးကို ကိုင်ထားတာ .. ဟီး ...

သရဲက တံခါးထပ်ခေါက်ရော ... ဒီတခါတော့ ရဲဆေးတင်ပြီး တံခါးဖွင့်တယ် .. ဟုတ်နေပြီ .. ဘယ်သူမှ မရှိ ... လက်ထဲမှာကလဲ ဓါးကြီးက အသင့် .. အိမ်ရှေ့ခန်းကလဲ မှောင်လို့ ဘယ်သူမှ မရှိ ... အိမ်ပြင်တံခါးသွားဖွင့်တယ် .. အဲဒီတော့မှ ကျနော့်အခန်းဘေးက ချုံပုတ်ထဲကနေ မဲမဲ မဲမဲနဲ့ ထွက်လာတာဗျာ ... ကျနော့်မှာ လက်ကသာ ဓါးကြီးကိုင်ထားတာ လူက တုန်နေပြီ ... ထပ်ခြောက်ရင် ရှူရှူးပါ ထွက်ကျတော့မှာ ...

ပြီးတော့မှ အဲဒီသရဲကို သေချာစိုက်ကြည့်နေရင်းနဲ့ .. အမယ် သရဲက စပ်ဖြီးဖြီးနဲ့ဗျ ... မှောင်မှောင်မဲမဲထဲမှာ အသားကလဲ မဲတာမှ နက်လို့  .. ဒါပေမယ့် သွားလေးက အဖွေးသားနဲ့ .. မျက်စိမှုန်တဲ့ ကျနော်တောင် မြင်ရတယ် ... အဲဒီလိုနဲ့ ခြုံဖုတ်ထဲကနေ အိမ်တံခါးရှေ့ မီးရောင်အောက်နား ရောက်လာရော ... ကျနော်ကလဲ ဓါးကို အသင့်ပြင်လိုက်ပြီ... အနားကပ်လာလို့ကတော့ ခုတ်မှာပဲ .. သရဲသော ဘာသော မရဘူး .. 

သရဲကလဲ မီးရောင်ထဲမှာ ကျနော့်ဓါးကို မြင်တော့ လန့်သွားတယ်ထင်တယ်... တချက်တန့်သွားတယ် ...
ပြီးတော့မှ သရဲက အဲဒီနေရာကနေပဲ လှမ်းပြီး Machaella ရှိလားတဲ့ .. သရဲက စကားတောင် ပြောတယ်ဟ ... ဘယ်က မက်ခေလာလဲလို့ဆိုတော့ ... နာမည်အပြည့်စုံပြောပြတော့မှ အရင်က ဒီအခန်းမှာ နေသွားတဲ့ ကောင်မလေး ဖြစ်နေတာကိုး ... အဲဒီတော့မှ ကျနော်လဲ သရဲမဟုတ်လောက်ဖူးဆိုပြီး အိမ်ရှေ့နား ထွက်လာကြည့်တော့မှ .. ဒီအဆောင်ဝင်းထဲမှာ အရင်ကနေဖူးတဲ့တယောက်ဖြစ်နေတာကိုး ...

ဖီဂျီကုလား .. အသားက မဲတာမှ ပြောင်လို့ ... အဆောင်ဝင်းထဲမှာ နေသွားတော့ ... မရင်းနှီးပေမယ့် မျက်မှန်းတော့ တန်းမိတယ် ... ဒီကောင်လဲ ကျနော့်ကို မှတ်မိသွားတယ်ထင်တယ် ... ဘာလုပ်နေတာလဲတဲ့ ဓါးကြီးနဲ့တဲ့ .. ကျနော်ကလဲ .. ဘာမှမဟုတ်သလို ဖောရှောလုပ်ရတာပေါ့ ... 
ဖြစ်ပုံက သူက အဲဒီကောင်မလေးကို လာရှာရင်း ကျနော့်အဆောင်တွေဖက် ရောက်လာတာ ... အရက်မူးလာလိမ့်မယ် .. အရက်နံ့ကို ထောင်းနေတာပဲ ...  ည ၃နာရီလောက်ကြီးဆိုတော့ အကုန်လုံးက အိပ်နေကြပီ .. အခန်းတွေက မှောင်လို့ .. အဲဒီမှာ ကျနော့်အခန်းတခုထဲက ကွက်ပြီး မီးလင်းနေတယ်လေ ... အလုပ်ကြီးအကိုင်ကြီး သရဲပုံပြင်ဖတ်နေတာ ... အဲဒါနဲ့ သူလဲ ပြတင်းပေါက်ကို လာခေါက်တာ ... 

ဖြစ်ချင်တော့ ကျနော့်အခန်းက အသံလုံတယ်လေ .. ပြီးတော့ ဟီတာဖွင့်ထားတာ ဟီတာက စုတ်နေတော့ တဂျီဂျီနဲ့ အသံမြည်နေတာမှာ မှန်ပြတင်းပေါက်ကို ခေါက်တာကို တံခါးခေါက်တယ်မှတ်သွားတာ ...
အဲဒီကုလားသာ အဲဒီကောင်မလေးရှိလားလို့ မမေးပဲ ကျနော့်ဓါးကြီးကိုမြင်ပြီး လန့်ပြေးရင်တော့ ကျနော်လဲ သရဲလာခြောက်တယ်လို့ တကယ်ထင်သွားမှာပဲ ...
ဒီလိုပါပဲ .. သရဲတော့ မဟုတ်လိုက်ပါဘူး ... ဒါပေမယ့် လဲပေါ့လေ ... တချိန်မှာ ပြန်တွေးရင် ရီစရာကောင်းမယ့် အဖြစ်ပျက်လေးတွေပေါ့ ...

Watch this and you will never play guitar again :P

Tuesday, September 27, 2011

I will NEVER EVER play guitar again after watching this kid playing ... :(