ဘုရားဂုဏ်တော်ပွားများခြင်း


ကျနော့်မှာရှိတဲ့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ လက်ကမ်းစာစဉ်တချို့ (အနှိုင်းမဲ့ဘာဝနာ နဲ့ နှလုံးသားမိတ္တူ )ထဲက ဘုရားဂုဏ်တော်ပွားများခြင်းအကြောင်းပါ … စာအုပ်လေးတွေက ပါးပါးလေးတွေပါ … ဖြစ်နိုင်ရင် ဖိုတိုကော်ပီကူးပြီးတင်ပေးချင်ပေမယ့် ခုလောလောဆယ်တော့ အဲဒီထဲက ကြိုက်တဲ့ စာပိုဒ်လေးတွေတချို့ကိုပဲ ကျနော်ကူးေ၇းပေးလိုက်ပါတယ် …

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ်တူကူးတာပါ .. မြတ်စွားဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်. ဓါတ်ကောင်းဓါတ်မြတ်တွေ အရည်အသွေးတွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ …

ဂုဏ်တော်ပွားခြင်းကြောင့် မြန်စွားဘုရားရှင်ရဲ့ စိတ်ကောင်းစိတ်မြတ်တွေ ဓါတ်ကောင်းဓါတ်မြတ်တွေ ကိုယ့်နှလုံးသားမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာလဲ ကောင်းမြတ်တဲ့ နှလုံးသားဖြစ်သွားပါတယ် … ကောင်းမြတ်တဲ့ နှလုံးသားပိုင်ရှင်ဟာဘာပဲလိုလို ဘာပဲတတ ရပါပြီ … ကောင်းကျိုးချမ်းသာဆိုတာ စိတ်ကောင်းစိတ်မြတ် ဓါတ်ကောင်းဓါတ်မြတ်ရဲ့ အကျိုးဆက်တွေ မဟုတ်လား … ဒါ့ကြောင့်လဲ မြတ်စွာဘုရားရှင်က ‘ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ်လို့ မိန့်ကြားတော်မူပါတယ် …

ကိုယ့်စိတ် ကိုယ့်နှလုံးသားကိုတော့ ကောင်းအောင်မလုပ်ဖူး .. ကောင်းကျိုးချမ်းသာကျတော့ လိုချင်တယ်ဆိုရင် သဘာဝ မကျပါဘူး … စိတ်ကောင်းမှကံကောင်းတယ် .. ကံကောင်းမှ အကျိုးပေးကောင်းတယ်ဆိုတာ လုံးဝ မမေ့လိုက်ပါနဲ့ … ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်နေတာပါ …

စံပယ်ပန်းထုပ်တဲ့ ဖက်ရွက် စံပယ်ပန်းရနံ့သင်းနေသလို ဂုဏ်တော်ကိုပွားများထားတဲ့ နှလုံးသားဟာလဲ ဂုဏ်တော်ရနံ့သင်းပျံ့လာပါတယ် …
မိတ္တူစာရွက်မှာ မိတ္တူပုံရိပ်ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက်အရည်အသွေးကောင်းဖို့လိုသလို နှလုံးသားစာရွက်မှာလဲ ဂုဏ်တော်သတိ ဂုဏ်တော်ပုံရိပ်တွေ သိနေဖို့လိုအပ်ပါတယ် … ဂုဏ်တော်ကို ပါဠိသက်သက် သိထားရုံနဲ့ မိတ္တူကူးစက် အရည်အသွေးမကောင်းသေးပါဘူး … ကိုယ်ပိုင်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင် အဓိပါယ်သိမှ မိတ္တူကူးစက်အရည်သွေးကောင်းပါတယ် .. မြန်မာလိုဆက်တိုက် ပွားနေမှ အဓိပယ် ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုတဲ့စိတ်တွေလည်း ဆက်တိုက်ဖြစ်ပေါ်လာမှာပါ … ဂုဏ်တော်ရဲ့ ဓါတ်သတ်တိတွေလဲ နှလုံးသားမှာ ဆက်တိုက်ကူးဆက်လာပါတယ် …

မီးအားပြည့်မှ မိတ်တူအရည်သွေးကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓါတ်ကူးမှု အရည်သွေးပြည့်ဝနိုင်ပါတယ် .. ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုးမဟုတ်ပဲ သွားရင်းလာရင်း.. လုပ်ရင်းကိုင်ရင်း အမြဲမပြတ်ပွားများသွားမယ်ဆိုရင် ဓါတ်ကောင်းဓါတ်မြတ်တွေဟာ အမြန်ဆုံးကူးစက်နိုင်ပါတယ် …
စနစ်တကျ ဂုဏ်တော်ပွားများခြင်းကြော်င့ ဘု၇ားမှာရှိတဲ့ ဓါတ်ကောင်းဓါတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ်ပိုင်ရှင် လူကောင်းလူမြတ်ဖြစ်နိုင်ပါတယ် … မကောင်းမှုတွေ ရှောင်ကြဉ်ပြီး ကောင်းမှုကုသလိုလ်တွေ တနေ့တခြားတိုးပွားလာနိုင်ပါတယ် … စိတ်ဓါတ်ခိုင်မာရင့်ကျက်ပြီး အသိညဏ်တိုးတက်မြင့်မားလာနိုင်ပါတယ် … ကောင်းမြတ်တဲ့ ကံဟောင်းကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ်အထွေထွေ ကျက်သရေ အမျိုးမျိုး တိုးပွားပြည့်စုံနိုင်ပါတယ် … နောက်ဆုံးမှာ မဂ်ဖိုလ်နိဗန်မြင်ပြီး သံသရာဇါတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ် ….

ကိုယ့်စိတ်မှာ သောကတခုခုဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ‘သောကခပ်သိမ်း ကင်းငြိမ်းတော်မူသောမြတ်စွာဘုရားလို့သာ ထပ်တလဲလဲပွားလိုက်ပါ … နှလုံးသားထဲက သောကမီးတောက်တွေ တဖြည်းဖြည်းငြိမ်းသွားပါလိမ့်မယ် ….

ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အနရာယ်ကင်းဖို့ လာဘ်ရွှင်ဖို့ စိးပွားတက်ဖို့ ရာထူးတိုးဖို့ မဟုတ်ဖူးဆိုတာ သဘောပေါက်လောက်ပါပြီ …. ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ …
စိတ်ဓါတ်နဲ့ လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရှိနေမှတော့ အန္တရာယ်ကင်း လာဘ်ရွှင် စတဲ့ အသေးမွှားအကျိုးတွေကို တမင်တောင့်တနေစရာ မလိုတော့ပါဘူး .. မလိုချင်အဆုံး ရမှာပါ … တကယ်တော့ အဲဒီအကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့ ဘာမှ မပြောပလောက်တဲ့ ပါမွှားအကျိုးတွေပါပဲ …

အရဟံအရဟံ လို့ အခေါက်ပေါင်းများစွာ ပုတီးပတ်ပေါင်းများစွာ ရွတ်နေရင် ကုသိုလ်တော့ ရပါလိမ့်မယ် … ဒါပေမယ့် အရဟံဂုဏ်တော်နဲ့ အလားတူ အရည်သွေးမျိုးတော့ ကိုယ့်ဘ၀ထဲ ကူးစက်မလာနိုင်ပါဘူး … အရဟံရဲ့ အဓိပါယ်ကို မသိဘဲ အရဟံဂုဏ်တော်ကြိးကို ကြည့်ညိုလိုက်တာဆိုတာလဲ မဖြစ်နိုင်ပါဘူး … အရဟံ ရွတ်ရင် စီးပွားတက်မယ် လာဘ်ရွှင်မယ်ဆိုတဲ့ အမျှော်လောဘနဲ့ ရွတ်နေတာမျိုးပဲ ဖြစ်ပါလိမ့်မယ် ..

မြတ်စွားဘုရားရှင်ရဲ့ ဂုဏ်တော်တွေက မရေမတွက်နိုင်အောင် အသင်္ချေရှိပါတယ် … အဆုံးမရှိတဲ့ အနန္တပါ … အသင်္ချေသော ဘုရာဂုဏ်တော်တွေရဲပ အနှစ်ချုပ်က ဂုဏ်တော်ကိုးပါးပေါ့ … ဗုဓဘာသာဝင်တိုင်းနီးပါး ဂုဏ်တော်ပွားပြီဆိုရင် အဲဒီဂုဏ်တော်ကိုးပါးကိုပဲ ပွားများကြလို့ ဂုဏ်တော်ကိုးပါးရဲ့ လိုရင် အဓ္ဓိပါယ်ကို ပြောပါရစေ …

အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွားဘု၇ား .
စိတ်ကို ပူလောင်စေတတ်တဲ့ ညှိုးနွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါတယ် … လောဘ ဒေါသ မောဟ အစရှိတဲ့ ဓါတ်ဆိုးမျိုးတွေပေါ့ … မြတ်စွာဘုရားရှင်မှာ အဲဒီစိတ်တွေ လုံးဝမရှိတော့ဘူးဆိုတာ ထပ်တလဲလဲအာရုံပြုနေရင် ကိုယ့်စိတ်မှာလဲ ဓါတ်ဆိုးဓါတ်ယုတ်တွေ တဖြည်းဖြည်း ကင်းရှင်းပြီး စိတ်ကောင်းစိတ်မြတ်လေးတွေ ဖြစ်လာနိုင်ပါပြီ …

အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု ပြုတော်မမူသော မြတ်စွာဘု၇ား …

ကိလေသာမှန်သမျှလုံးဝမရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ လူရှေ့မှာရော လူကွယ်၇ာမှာပါ ဘာမကောင်းမှုမှ မပြုတော့ပါဘူး … ဒီဂုဏ်ကို အမြဲသတိရနေတဲ့သူဟာ မကောင်းမှု ပြုမယ်ကြံတိုင်း အလိလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများကို ရှေင်ကြဉ်ဖြစ်သွားပါလိမ့်မယ် …

အရဟံ - ပူဇော်ထိုက်တဲ့ အရည်ချင်းကောင်းတွေရှိလို့ ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား …

သမ္မာသမ္ဗုဒ္ဒေါ- သိစရာအားလုံးတို့ကို အမှန်အတိုင်းကိုယ်ပိုင်ညဏ်ဖြင့် သိတော်မူသောမြတ်စွာ ဘုရား …

ဝိဇာစရဏသမ္ပန္နော - အသိညဏ်ရော အကျင့်တရားနှင့်ပါ ပြ့်စုံတော်မူသော မြတ်စွာဘုရား …

သုဂတော - ကောင်းမွန် မှန်ကန် အကျိုးရှိသောစကားကိုသာ ဆိုတော်မူသောမြတ်စွာဘု၇ား …

လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား ..

အနုတ္တရောပူရိသဓမ္မဿာရထိ - ဆုံးမထိုက်သော သတ္တ၀ါတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား ..

သတ္တာဒေဝမနုဿာနံ - နတ်လူတို့၏ ဆရာတခုဖြစ်တော်မူသော မြတ်စွာဘုရား …

ဗုဒ္ဓေါ - သစ္စာလေးပါး - ဆင်းရဲအမှန်ဆိုတဲ့ ဒုက္ခသစ္စာ.. ဆင်းရဲကြောင်းအမှန်ဆိုတဲ့ သမုဒယ သစ္စာ .. ဆင်းရဲချုပ်ရာ အမှန်ဆိုတဲ့ မဂ်ဂ သစ္စာ .. ဆင်းရဲချုပ်ရာလမ်းကြောင်းမှန်ဆိုတဲ့ နိရောဓ သစ္စာ .. သိစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သိရုံမက ဟောကြားနိုင်စွမ်းသော မြတ်စွာဘုရား …

ဘဂ၀ါ - မိမိစိတ်ကိုရော တလောကလုံးကိုပါ အစိုးရတဲ့ က္ကသရိယဘုန်းတော် … မဂ်ဖိုလ်တရားနဲ့ ပြည့်စုံတဲ့ ဓမ္မဘုန်းတော် .. ပျံ့နှံ့တဲ့ အခြံရံ အကျော်ဇောတွေနဲ့ ပြည့်စုံတဲ့ ယသဘုန်းတော် .. အတုမရှိကျက်သရေတော်နှင့်ပြည့်စုံတဲ့ သီရိဘုန်းတော် .. လိုအင်ဆန္ဒမှန်သမျှ ချက်ချင်းပြည့်ဝတဲ့ ကာမဘုန်းတော် … အတုမရှိလုံ့လ ၀ီရိယနှင့်ပြည့်စုံတဲ့ ပယတ္တဘုန်းတော် …

ဘုန်းတော် ခြောက်စုံတန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား …
ဘုရားဂုဏ်တော်တွေကို အဓိပ္ပါယ် ကျယ်ကျယ်ပြန့်ပြန့် နဲ့ တကယ်ပီပီပြင်ပြင် ပွားရင် ပွားသူရဲ့ စိတ်အခံပေါ်မူတည်ပြိး ကြိးကျယ်မြင့်မြတ်တဲ့ စိတ်ဓါတ်တွေ ကိန်းဝပ်ခိုင်မြဲလာနိုင်ပါတယ် …တစ်လောကလု့းရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုသတိဘာဝနာကို အနှိုင်းမဲ့ ဘာဝနာဖြစ်ပါတယ်လို့ ‘ဘာဝေဟိ ဗုဒ္ဓါနုသတိ၊ ဘာဝနာန မနုတ္တရံ’ လို့ ဟောကြားညွှန်ပြထားပါတယ် …

ဘုရားဂုဏ်တော်ပွားများခြင်း နောက်တပိုင်းမှာ ဒီလက်ကမ်းစာစောင်ထဲကပဲ .. သီဟိုဠ်ကျွန်းက ဘုရားဂုဏ်တော်ကို စွဲမြဲစွာပွားများတဲ့ ဖုဿဒေ၀ မထေရ်မြတ်အကြောင်းကို ရေးတင်ပေးပါမယ် …


ပြင်ပြီးပါပြီး)